တူ တူမလေးတို့ရေ ဒီနေ့တော့ တူ တူမလေးတို့ကို ကိုကြီး ညာနဲ့ ညီလေး ဘယ်ဆိုတဲ့ ညီ အကို ၂ယောက် အကြောင်း ဒေါ်လေးအယ် ပြောပြမယ်ကွယ်။ သူတို့ နှစ်ယောက်က တယောက်ကို တယောက်သိပ်ချစ်ကြတဲ့ ပုခုံးချင်းဆက် ညီအကိုတွေပေါ့ကွယ်။
တနေ့တော့ ညီလေး ဘယ်က ကိုကြီး ညာရယ် လူတွေက တကယ် မတရားဘူးဗျာလို့ အစမရှိ ပြောလာ သတဲ့ကွယ်။ ညီလေး ဘယ်ရယ် ဘာတွေ ဖြစ်တုန်း ကိုကြီးညာကို သေချာ ပြောပါအုန်းလို့ စိတ်ပူပြီး မေးတော့သတဲ့ကွယ်။
ဒီမှာကြည့် ကိုကြီးညာ လူတွေက မတရားဘူး ညီလေးဘယ် စာလည်း မသင်ရ ဘူး ပြီးတော့ နေ့တိုင်း အီးပဲ ကုန်း နေရတယ် လို့ ၀မ်းနည်း ပက်လက် ပြောလိုက်တယ်တဲ့။ကိုကြီးညာလည်း တော်တော်လေး စိတ်မကောင်းဖြစ်ပြီး သူ့ညီဘယ်လေးကို ဘယ်လိုများ နှစ်သိမ့်ရပါ့မလည်းလို့ စဉ်းစားရခက်သွားတယ်တဲ့ကွယ်။
ရုတ်တရက် အကြံရလာတော့ ဒီမယ် ညီလေးဘယ် ကိုကြီးညာ စာသင်တာ အလုပ်လုပ်တာတွေ အားလုံးက ညီးလေးဘယ် အတွက်ပါပဲလို့ ဆိုလိုက်တယ်တဲ့။ နားမလည်တဲ့ ညီလေးဘယ်က မျက်လုံးလေး ပုပ်ခတ်ပုပ်ခတ်လုပ်နေတော့ သေချာကြည့်စမ်း ငါ့ညီဘယ်မှာ အဖိုးတန် လက်စွပ်လေးနဲ့ပါ။ နာရီလေးလည်း ရှိတယ်။ လက်ထပ်တော့လည်း ညီလေးဘယ်ပဲ လက်ထပ်ရတာ မဟုတ်လားလို့ ဆိုလိုက်သတဲ့။
ကိုကြီးညာက စာသာတတ်တာ အလုပ်သာလုပ်ရတာ ဘာမှ မခံစားရပါဘူးကွာ။ လက် အသမာ တက်တာပဲ ရှိပါတယ်လို့ ချမ်းသာစတိုင် အပြည့်နဲ့ပြောလိုက်တယ်ဆိုရင်ပဲ ညီလေးဘယ်က ကျေနပ် ၀မ်းသာပြီ သူ့လက်စွပ်လေးကို ကိုင်ကြည့်ရင်း အိုင် စီး ကိုကြီးညာလို့ ပြန်ပြောတာပေါ့ကွယ်။
တူ တူမလေးတို့ရေ အဲ့ကတည်းက ညီလေးဘယ်လည်း လက်စွပ်လေး ၀တ်ပြီး ပျော်ပျော်ကြီး အီးကုန်းနေတော့တာ ဒီနေ့ထိပဲ တဲ့ကွယ်။တူ တူမလေးတို့လည်း.....။
ဘယ်သန်များ ပြောင်းပြန် ဖတ်ယူကြစေ:)))))
ဒေါ်လေး အယ်ဇီ
ဒေါ်လေး အယ်ဇီ
12 comments:
အား............မအယ်........ညက်ပစ်
ဟုတ်ပါ့ မမရယ်။
ဘ၀မှာ သာတာလဲ ရှိ၊ နာတာလဲ ရှိပေါ့။ ဒီလိုဆိုတော့လဲ မျှတယ် ဆိုရမလား မသိ။
ဒီပို့စ်လေးဖတ်ပြီး တခုတွေးမိတာက နောက်တခါ ကိုယ် အနာခံနေရရင် (တကယ်က အီးကုံးနေရရင်လို့ ပြောချင်တာပါ ဟီးး) ငါ လက်စွပ်ဝတ်ရတော့အုံးမယ် လို့ စဉ်းစားလိုက်မယ်.. ဘယ့်နှယ်လဲ။
:)
ကောင်းတယ် ၊၊ သဘောကျတယ် အတွေးလေး
ဘ၀ကို နေတက်ဖို့သာ အဓိကပါလေ နော
မင်းအိမ်ဖြူ
လက်စွပ်ရော..နာရီရော..မဝတ်တတ်တဲ့သူဆိုတော့
ဘယ်ရောညာရော ကြုံသလိုသုံးလိုက်တာပဲ..
ကတ်ကြေးကိုင်တာ၊ကားမောင်းတာ၊ ပင်ပေါင်ကစားတာဘယ်သုံးတယ်၊တချို့ဟာတွေ ညာသုံးတယ်၊ ဘယ်သန်လားညာသန်လားမခွဲတတ်ဘူး
မအယ်ရေ .. ကျမသမီးက ဘယ်သန်...
mie nge
မအယ်ရေ မျှမျှတတလေး ရေးလိုက်တာလားဗျ ..
သွပ်ပြားက ညာဘက်ဦးနှောက် ပိုထွားနေလို့  ...
အားလုံး ဘယ်ဘက်နဲ့ပဲ ဟီးဟီး ...
လက်စွပ် လဲ ပေးမဲ့သူမရှိလို့  ...
ဝယ်ပေးနော် .. မမအယ် ..
ကိုကြီးညာ .. ဘကြီး ညာ .. ဘဘဂျီး ပိုညာ....
အဆိုးထဲက အကောင်းကို ရှာဖွေမြင်တတ်ဖို့ သင်ခန်းစာရပါတယ်...
ဒေါ်လေးအယ်
တူမောင်လည်း ဘယ်သန်ခင်ဗျ
သြော်... ဘယ်က အီးသာကုန်းရတယ်။ နေရတာတော့ အထက်တန်းကပဲနော်။ လက်စွပ်လေးနဲ့။ အဟက်...
လက်စွပ်ဆိုလို့လေ.... ဘာကြောင့် ဘယ်လက်ကို လက်စွပ် ၀တ်သလဲ ဆိုတာလေးပါ ဆက်ရေးပါလား။ ဖတ်မိတဲ့သူတွေ ဗဟုသုတရတာပေါ့။
ဟုတ်တာပေါ့ မအယ်ရဲ့ အားလုံးမှာ အခွင့်အရေးတန်းတူ ရှိကြပါသည်ပေါ့...
ကျွန်မတို့ လူမျိုးတွေဟာ ဘာမှဆိုင်တာ မဟုတ်ပဲနဲ့ အစွဲကို ကြီးလွန်းတယ်။ ဘယ်သန်သူကို ညာလက်နဲ့ စာရေးဖို့ ရိုက်ပြီးသင်ပေးတာလည်း ငယ်ငယ်က အမြဲကြုံတွေ့ဖူးတယ်။
Post a Comment